maandag 25 maart 2013

ကွန်ပြူတာကို စကားနဲ့ ပြောပြီး အလုပ်ခိုင်း ကြည့်ရအောင်(ဘာ ဆော့ဝဲလ်မှ ထပ်ထည့်စရာမလိုဘူး၊၀င်းဒိုးမှာ အော်တိုပါပြီးသားလေးကိုပဲ အသုံးချမှာပါ။)



သူငယ်ချင်းတို့ စိတ်ဝင်စားကြမယ်လို့ ထင်ပါတယ်
ကွန်ပြူတာ ကို စကားပြောပြီး
-သီချင်းဖွင့်ခိုင်းလို့ရတယ်
-စာတွေရေးခိုင်းလို့ ရတယ်
-ဂိမ်းကစားခိုင်းလို့ရတယ်
-အဖွင့် အပိတ် လုပ်ခိုင်းလို့ ၇တယ်
-အင်တာနက်သုံးလို့ရတယ်
-ချက်တင် ပြောလို့ရတယ်
ကျန်တာတွေ အများကြီး ကို လည်သလို ခိုင်းလို့ ရပါတယ်။
တစ်ခုတော့ ရှိတယ်သူ့ကို ခိုင်းမယ်ဆိုရင် အင်္ဂလိပ်လိုပဲ ခိုင်းလို့ရတယ်။။ကိုယ်ပြောတဲ့စကားကို
အင်္ဂလိပ်လိုပီအောင်ပြောရတယ်နော်
မခက်ပါဘူး  ကြာလာတော့လဲ သူ့ဘာသာ သူ အဆင်ပြေလာပါတယ်...

ဒီလို စကားနဲ့ ခိုင်းနေရလို့ ကိုယ့်ရဲ့ အင်္ဂလိပ်စကားပြောလဲတိုးတက်လာနိုင်ပါတယ်
မသိသေးသူများ လည်း ကလိချင်ရင် ကလိလို့ ရအောင်ပြန်လည်ဝေမျှ ပေးခြင်း
သာဖြစ်ပါသည်။သူငယ်ချင်းများ နားလည်အောင်လဲဓါတ်ပုံစခရင်လေးနဲ့တင်ပေးလိုက်ပါတယ်..
ကဲ စလိုက်ရအောင်
လိုအပ်ချက်များ
-windows 7 x32 (or) x64 တင်ထားသော ကွန်ပြူတာ(XP မှာလဲ ပါတယ်လို့ ကြားတယ် ကျနော့မှာ XP မရှိတော့ မစမ်းကြည့်ရသေးပါ)
-မိုက် ပါသော နားကြပ်
-ရေ တစ်ခွက်(ပြောနေရင်းနဲ့ အာခြောက်လာရင် သောက်လို့ရအောင်လေ)
**အင်္ဂလိပ်စကားနဲ့ အင်္ဂလိပ်စာကို မတောက်တခေါက်တက်သော လူတစ်ယောက်(ကျွမ်းကျင်တဲ့သူဆိုရင်တော့ နောနော် ပေါ့ဗျာ)
ကွန်ပြူတာကို ဖွင့်ပါ ။နားကြပ်နဲ့ မိုက်ကို တပ်လိုက်ပါ
(အောက်ပါရှင်းပြချက်များသည် windows 7 Ultimate sp1 x 64bit ကို အခြေခံပြီး ရေးသားထားပါသည်)
-အရင်ဆုံး ကွန်ပြူတာကီးဘုတ်ပေါ်က ၀င်းဒိုးပုံပါတဲ့ခလုတ်ကို ကလစ်လိုက် Start menu ပေါ်လာရင် contorl panel
ထဲဝင်လိုက်ပါ။


ပြီးရင် Ease of Access ထဲကို ၀င်ပါ။(စက်တစ်လုံးနဲ့ တစ်လုံးမတူနိုင်ပါဘူး တွေ့အောင် ရှာကြပါ)



Speech Recognition ထဲထပ်ဝင်ပါ။(တစ်ချို့စက်တွေမှာ Ease of Access မရှိပဲ Speech Recognition ကို
တိုက်ရိုက်ရှာပေးရမှာဖြစ်ပါတယ်)



အဲဒါကို ၀င်လိုက်ရင် ဒီလိုမျိုးလေးတွေ့မှာပါ အခုမှစသုံးမယ်ဆိုတော့ လေ့ကျင့်ခန်းအရင်လုပ်ကြည့်ပါ(လေ့ကျင့်ခန်းကို အကုန်
လေ့ကျင့်ကြပါ ဒါမှ တကယ် အသုံးပြုတဲ့ အခါ ကျရင် အဆင်ပြေမှာပါ)
Take Speech Tutotial ကို ကလစ်လိုက်ပါ။



အောက်ကပုံအတိုင်းပေါ်လာမှာပါ



ညာဘက်ဒေါင့်မှာ ကိုယ်ပြောရမယ့်ဟာတွေကို ရေးထားပေးပါတယ် တက်နိုင်သလောက် ပီအောင်ပြောကြည့်ပါ
ကိုယ်ပြောတာ မှားနေရင် ဘယ်ဘက်က player မှာ What is this? လို့ ပြောနေမှာပါ မှန်အောင်ပြောပေးလိုက်ပါ။
(လေ့ကျင့် ခန်း ဖြစ်တဲ့ အတွက် သူပြောခိုင်းသလောက်ပဲပြောပါ။သူပြောခိုင်းတဲ့ အတိုင်း ပြောပါ။ တကယ်သုံးရင်တော့
ကိုယ်ခိုင်းချင်သလို အဆင်ပြေအောင်ပြောလို့ ရပါတယ်)
တစ်ခုသတိပေးချင်တာကတော့ လေ့ကျင့်ခန်းမှာ မောက်စ် နဲ့ ကီးဘုတ်ကို သုံးစရာမလိုပါ စကားပြောသက်သက်နဲ့ပဲ အလုပ်လုပ်မှာပါ
Next့ အစ Ok က အစ အားလုံး စကာပြောနဲ့ပဲ ခိုင်းပါ
လေ့ကျင့်ခန်းအားလုံး လေ့ကျင့်ပြီးသွားရင်တော့ ကွန်ပြူတာကို ဘယ်လိုခိုင်း၇မလဲ သဘောပေါက်လာပါလိမ့်မယ်
လေ့ကျင့်ခန်းကို ကျော်ပြီး မလေ့ကျင့်ပါနဲ့ လိုတော့ ပြောချင်ပါတယ်
အားလုံးပြီးပြီးဆိုရင် အပေါ်ဆုံးက Start Speech Recognition ကို ကလစ်ပြီး Player ပေါ်လာရင် လည်သလို
ခိုင်းပေတော့......
သူငယ်ချင်းတို့ ကို စိတ်ရှည်ပါ လို့ ပြောချင်ပါတယ်
 ၂ရက်လောက် လေ့ကျင့်ရင် သီချင်းဖွင့်လို့ရလာတယ်
နောက် ၃လလောက်လေကျင့်လိုက်ရင်တော့ပိုအဆင်ပြေတာပေါ့..
နည်းနည်းထပ်ကြာလာတော့ အင်တာနက်သုံးလို့ ရလာပါလိမ့်မယ်
 Photoshop နဲ့ ဓါတ်ပုံပြင်လို့ရအောင်လည်းလေ့ကျင့်ကြည့်ကြပေါ့
 Note pad နဲ့ စာရိုက်တာကတော့ အခုထိ မရသေးပါ အင်္ဂလိပ်စကားပြောညံ့လို့ ပြောချင်တာတခြား ပေါ်လာတာတခြား
ဖြစ်နေလို့ထင်နယ်..  (ပုဏ္ဏားကျွန်းသားချေနည်းပညာစုစည်းမှု)

zondag 24 maart 2013

ဓာတ်ပုံဒီဇိုင်းလှလှတွေ ဖန်တီးချင်သူများအတွက်


ဝါသနာတူသူငယ်ချင်းများအတွက်...ဒီဆော့ဝဲလေးကတော့ ဓာတ်ပုံကို ဒီဇိုင်းလှအောင် ပြင်တဲ့အခါ ပန်းဘောင်လှလှလေး

အရုပ်ကလေးတွေ ပန်းကလေးတွေ ထူးဆန်းတဲ့ရောင်ခြည်လေးတွေနဲ့  ပုံကိုလှစေဖို့ 

အထူးသင့်လျှော်တဲ့ဆော့ဝဲလေးပါ ၊ စာလုံးဒီဇိုင်းမှာ မြန်မာလို့ ပြောင်းရေးတာမရဘူး

လေ့လာလိုသူတွေ သေချာလေ့လာကြည့်ပါ။  ဒီဇိုင်းဆိုတာ ရေးဆွဲသူရဲ့  စိတ်ကူးပေါ်

မူတည်ပီး လှပလာမှာပါ ။ ဖိတ်စာ လိပ်စာ ကတ်တွေအတွက်လည်း အဆင်ပြေနိုင်၏

ပန်းဘောင်လှလှလေးတွေ ပါလာတာမို့  ဖိတ်စာ အလှပြန်ဆင်လို့ ရတယ်၊ လိုချင်သူ

ဒီဇိုင်းဆွဲတာဝါသနာပါသူတွေအတွက် အဆင်ပြေတဲ့ ဆော့ဝဲကောင်းလေး တစ်ခုပါ

Full Version ဖြစ်စေို့ အထဲမှာ ကီးထည့်ပေးထားပါတယ်.....။

ဒေါင်းရန်.. ဒီမှာ

ကွန်ပျူတာမှာ Monitor မကောင်းတော့ရင် ဘယ်လိုသိနိုင်မလဲ


ကွန်ပျူတာသုံးနေကြတဲ့သူငယ်ချင်းများအတွက်သိထားသင့်တဲ့အကြောင်းရာလေးတစ်ခုကိုမျှဝေတင်ပေးလိုက်ပါရစေ(Hardware )အခြေခံနှင့် ပြဿနာရပ်များ ဆန်းစစ် အဖြေရှာခြင်း ကို အားလုံးဗဟုသုတရစေဖို့ပြန်လည်ကူးယူမျှဝေပေးလိုက်ပါတယ်.. ကျန်တဲ့ အပိုင်းတွေကို ကျန်တဲ့အပိုင်တွေကိုအချိန်ရရင်ရသလောက်တင်ပေးပါ့မယ်.......

ကွန်ပျူတာမှာ မော်နီတာမကောင်းတော့ဘူးဆိုမှတော့ ဘာမှကိုတက်မလာတော့တာပေါ့ဗျာ ရှင်းရော.. အဲသလို ဖြစ်လာခဲ့ရင် အရင်ဆုံးကြိုးတွေကို သေချာပြန်စစ်ကြည့်ပါ..ကြိုးမတပ်ရသေးပဲ ပါဝါကြိုးဒေတာကြိုးတွေသေချာမထိုးရသေးပဲနဲ့ မော်နီတာ ပျက်ပြီလို့ မယူဆပါနဲ့  ကွန်ပျူတာမှာ ဘယ်အစိတ်ပိုင်းကပဲဖြစ်ဖြစ် အလွယ်ဆုံးအပိုင်းက အရင်စပြီး 
စစ်ပါ(မျက်မြင်အားဖြင့်အရင်စစ်ပါ)..တခါတလေမှာအခက်ကြီးတွေစဉ်းစားပြီး အလွယ်လေးကိုမှမေ့  နေတတ်ကြလို့ ပါ…ကြိုးကို plug ပေါက်ကြိုးထိုးတာတွေသေချာပါလျက်နဲ့ မော်နီတာ screen မှာ ဘာမှကိုပေါ်မလာဘူးဆိုရင် ကြိုးမကောင်းလို့ လား ပါဝါပလပ်ကြိုးက မကောင်းလို့ လား…ဒါဆိုရင် တခြားကွန်ပျူတာ တစ်လုံးမှာ မော်နီတာကို သွားစမ်းတပ်ကြည့်ပါ..အကောင်းပကတိအတိုင်း စက်ကတက်လာတယ် မော်နီတာ အလုပ်လုပ်တယ်ဆိုလျင် data ကြိုး ပါဝါကြိုး တစ်ခုခု မကောင်းတာဖြစ်နိုင်ပါတယ်..တခြားစက်မှာလည်း မတက်ဘူး အရင်အတိုင်းပဲ screen မှာ ဘာမှပေါ်မလာဘူးဆိုလျင်တော့ မော်နီတာပျက်တယ်လို့ ယူဆနိုင်ပါပြီ..မော်နီတာ ပျက်ရခြင်း အကြောင်းရင်းမှာ သက်တမ်းကြာလို့ ပျက်စီးတာရယ် circuit ပိုင်း အရပျက်စီးတာရယ်ကြောင့် ဖြစ်တာများပါတယ်..ဖြစ်တတ်သောလက်ခဏာ များမှာ မော်နီတာတွင် အနီရောင် အစိမ်းရောင် အပြာရောင် color တစ်ခုခုတက်လာခြင်း..ကာလာများရောထွေးပြီး မငြိမ်မသက်ဖြစ်ခြင်း သုံးပြီးလို့  တစ်နာရီလောက်ကြာတဲ့အခါ အစိမ်းရောင် screen တက်လာခြင်း(CRT မှာအဖြစ်များလေ့ရှိ) ပုံရိပ်များထပ်နေခြင်း ..များဖြစ်တတ်ပါတယ် ရုတ်တရက် မီးအားဆောင့်တက်လို့  power surge ဖြစ်ခြင်း ကြောင့်လည်း မော်နီတာများ ပျက်စီးတတ်ပါတယ်..မော်နီတာ မကောင်းတော့သည့်ပုံများ အောက်တွင် လေ့လာနိုင်ပါတယ်..




မော်နီတာမကောင်းတော့ရင် မော်နီတာမကောင်းတော့ဘူးဆိုတာသေချာရင် အသစ်သာဝယ်လဲလိုက်ပါ... ကိုယ်က ကျွမ်းကျင်တဲ့ Electronic သမားမဟုတ်ရင် CRT လို tube မျိုးကိုဖွင့်ဖို့ မကြိုးစားပါနဲ့ လို့ ပြောပါရစေ… မော်နီတာဟာ AC power ကို သီးသန့် သုံးပါတယ် ဒါက LCD ရော CRT ရောဖြစ်ပါတယ်..ဒါကြောင့်သူ့ မှာ မလိုတဲ့ voltage တွေကိုသိုလှောင်ထားတဲ့ high voltage ရှိပါတယ်..high voltage anode ကို discharge လုပ်ပြီးမှသာလျင် ပြုပြင်ခြင်းများပြုလုပ်ရပါတယ်..
(ပုဏ္ဏားကျွန်းသားချေနည်းပညာစုစည်းမှု)

မိမိကွန်ပြူတာ Hang ဖြစ်နေခဲ့ ရင်

ကျွန်တော်တို့ ကွန်ပျူတာ ကိုသုံးနေရင် Hangs တာမျိုး Crashes ဖြစ်တာ မျိုး ကြုံဖူးကြမှာပါ။ ဘာကြောင့်ဖြစ်တာလဲဆိုရင် ကျွန်တော်တို့ မိမိတို့ စက် မှာ မလိုအပ်တဲ့ process တွေ အလုပ်လုပ်နေလို့ ဖြစ်ပါတယ် အဲဒီလို မဖြစ် ရအောင် ဖြေရှင်းနည်း (၁၀) ချက်ရှိတယ်။

1. မိမိတို့ computer မှာ ctrl+alt+ delete key (တစ်ချို့စက်တွေမှာ ctrl+shift+Esc ) နိုပ်ပြီ Task manager ကိုခေါ်လိုက်ပါ။ ပြီရင် processes ထဲမှာ ကို အသုံးမလိုတဲ့ software တွေကို End Process လိုက်လုပ်ပါ။

2. နောက်တစ်ခုက virtual memory တိုးပေးတာဖြစ်ပါတယ်။ ကျွန်တော်တို့ program တွေ အများကြီး run ထားတဲ့အခါ virtual memory မလုံလောက် တဲ့အတွက် စက် Hangs တာမျိုးတွေ ဖြစ်တက်ပါတယ်။

3. နောက်တစ်ခုကတော့ ကျွန်တော်တို့ Browser တွေရဲ့ History တွေကို ဖျက်ထုတ်တာဖြစ်ပါတယ်။ ccleaner software နဲ့ ဖြေရှင်းက အတော် ကောင်းတယ်။ software မသုံးချင်တဲ့ သူငယ်ချင်းများအတွက် Internet explorer မှာ Tools ဆိုတာ တွေ့ကြမှာပါ။ အဲဒီမှာ internet option ထဲက General မှာ clear History ကို click လိုက်ပြီ ok ပေးလိုက်တာပါ။ Firefox မှာလဲ ကျွန်တော်တို့ option ထဲက privacy ထဲမှာ private ထဲက setting မှာ ကျွန်တော်တို့ clear ပေးလိုက်ပါ။ Browser History တွေကို ပြောတာနော်။

4. နောက်တစ်ခုကတော့ Internet temporary files တွေကို delete ပေးရ ပါ့ မယ်။ ဒါကတော့ option က ဖျက်တာနဲ့စာရင် ccleanner softeware နဲ့ ဖြေရှင်းတာ အကောင်းဆုံးဖြစ်ပါတယ်။

5. နောက်တစ်ခုက ကျွန်တော်တို့ cookies တွေကို ဖျက်ထုတ်တာဖြစ်ပါ တယ်။ Internet Browser တွေက option ထဲကနေ cookies တွေကို ဖျက်ထုတ်လိုက်ပါ။

6. နောက်တစ်ခုကတော့ မလိုအပ်တဲ့ programs တွေကို ဖျက်ထုတ်တာဖြစ်ပါတယ်။ မိမိတို့စက်မှာ မလိုအပ်တာတွေကို မိမိသာ အသိဆုံးဖြစ်မှာပါ။ မိမိcomputer က control panel ထဲက add/remove programs ထဲက မလိုတာတွေကို install လုပ်လိုက်ပါ။

7. နောက်တစ်ခုကတော့ files တွေကို ပြန်စီတာဖြစ်ပါတယ်။ Defragmenter ချတယ်လို့လဲခေါ်ပါတယ်။ Defragmenter ချတဲ့နေရာမှာ မိမိ Defragmenter ချတဲ့အခါ မိမိချချင်တဲ့ Disk မှာ free space 15% ရှိရပါမယ်။ မရှိရင်တော့ defragmenter ချလို့ မရပါဘူး။ လုပ်နည်းကတော့ all programs/accessories /system tool/disk defragmenter မှာ မိမိ partition ခွဲထားတစ်လောက် file တွေကို ပြန်စီလိုက်ပါ။

8. နောက်တစ်ခုကတော့ မိမိ ကွန်ပျူတာမှာ error ကို check လုပ်တာပါ။ မိမိစက်မှာ error တက်နေတဲ့ program တွေကို check လုပ်လိုက်တာပါ။ ဘယ်လိုလုပ်ရသလဲဆိုရင် မိမိ error ရှာချင်တဲ့ disk ပေါ်မှာ right click ထောက်။ properties ထဲက tools မှာ error-checking အကွက်ထဲမှာ check Now ကို click ပြီ မိမိတို့လုပ်စေချင်တာကို အမှန်ခြစ်ပေးပြီ check လုပ်လိုက်ပါ။

9. နောက်တစ်ခုကတော့ ကျွန်တော်တို့ Run ထဲမှာ (%temp%;prefetch; recent) ကို ပုံမှန်ဖျက်ထုတ်ပေးပါ။ ဖျက်လို့မရတဲ့ files တွေလဲတွေ့ရမှာ ပါ။ ဖျက်ရချင်ရင်တော့ unlocker softeare နဲ့ ဖြေရှင်းလို့ရပါတယ်။ free ပေးပါတယ် google မှာရှာလိုက်ပါ။နောက်တစ်ခုကတော့ ကျွန်တော် တို့ computer ထဲက search button မှာ cooking လို့ ရိုက်ထည့်ပြီ သူ့ထဲမှာ ရှိတဲ့ ဖိုင်တွေကို ဖျက်ထုတ်လိုက်ပါ. ဗိုင်းရပ်အများ ဆုံးနားခို တဲ့ နေရာလဲဖြစ်ပါတယ်။

10. နောက်တစ်ခုကတော့ မိမိတို့ computer ဖွင့်ဖွင့်ချင်မှာ process  တွေကြောင့် ကျွန်တော်တို့ window အတက် အတော်လေး ပါတယ်။ ဒါကြောင့် msconfig က startup ထဲမှာ မလိုအပ်ဘူးထင်တာတွေကို disable ပေးထားလိုက်ပါ။ လိုအပ်တာတွေတော့ မှားမပေးနဲ့နော်။
နောက်တစ်ခုကတော့ shutdown လုပ်တဲ့အခါမှာ power ပေါက် ထိုးပိတ်တာမျီုးမလုပ်ပါနဲ့။
အဆင်ပြေကြပါစေဗျာ..ဆန္ဒများစွာဖြင့် ကြိုးစားလျက် အားလုံး အတွက်...(ပုဏ္ဏားကျွန်းသားချေနည်းပညာစုစည်းမှု)

ကွန်ပျူတာမှာ DVD Drive မကောင်းတော့ရင် ဘယ်လိုသိနိုင်မလဲ

Hardware အခြေခံနှင့် ပြဿနာရပ်များ ဆန်းစစ် အဖြေရှာခြင်း ကို အားလုံးဗဟုသုတရစေဖို့ ကူးယူမျှဝေပေးလိုက်ပါတယ်.
DVD drive မကောင်းတော့ဘူးဆိုတာ သိသာထင်ရှားစေသောအချက်များမှာ 
၁။DVD drive ကို BIOS မှလုံးဝမသိရှိတော့ခြင်း..drive မှ cd disc ကိုဖတ်လျင်အရမ်း လေးလံနေခြင်း..
၂။သက်တမ်းကြာလာ၍ read/write speed ကျဆင်းခြင်း..
၃။drive ကို my computer တွင်တွေ့ သော်လည်းဖွင့်လို့ မရခြင်း..
၎။drive မှ cd ထည့်သည့် tray မှာပြန်ထွက်မလာတော့ခြင်း..
၅။ခွေထည့်ပြီးခနအတွင်းသာဖတ်ပြီးနောက် ဆက်မဖတ်နိုင်တော့ခြင်း....
၆။Rewriteable တွေမှာ write လုပ်လို့ မရတော့ခြင်း....
၇။drive မှ ဆူညံသံကျယ်လောင်စွာထွက်ခြင်း...
၈။ disc တစ်ခုကိုဖတ်သည့်အခါ အတင်းရုန်းပြီးဖတ်နေရခြင်း စသော အချက်များမှာ dvd drive မကောင်း တော့သောလက္ခဏာများဖြစ်ပါတယ်…တစ်ခါတစ်ရံမှာ virus ကြောင့်လည်း drive ကမဖတ်နိုင်တာ ဖြစ်တတ်ပါတယ်…


ဒီလိုဖြစ်လာရင် ဘာလုပ်မလဲ..


၁။ကွန်ပျူတာမှာ dvd drive မပေါ်ဘူးဆိုရင် dvd ကိုပေးတဲ့ molex or SATA ပါဝါကြိုးတပ်ထားသလားကြည့်လိုက်ပါ..ပြီးရင် data cable ကြိုးတပ်ထားသလားကြည့်ပါ.. နှစ်ခုစလုံးသေချာတပ်ထားပါလျက်နဲ့  bios မှာမပေါ်ဘူးဆိုရင် drive ကို bios ကတောင်မသိတော့ရင် drive ပျက်ဖို့ များပါတယ်..ပိုသေချာသွားအောင် အခြားစက်တစ်လုံးမှာသွားရောက်တပ်ဆင်ကြည့်ပါ..

၂။သက်တမ်းကြာလို့  read speed ကျဆင်းရခြင်း မှာ dvd drive electric motor မကောင်းတော့တာ ဖြစ်နိုင်သလို lens မှာ မကောင်းတာလဲဖြစ်နိုင်ပါတယ် အများအားဖြင့် အထဲက lens ကို cleaning kid နဲ့ သန့် စင်လိုက်ရင်နဂိုအနေအထားတိုင်းပြန်လည်ကောင်းမွန်တတ်ပါတယ်..
၃။Drive ကို my computer မှာတွေ့ ပေမဲ့ လို့ ဖွင့်လို့ မရခြင်းမှာ drive အားအသုံးပြုခွင့် Permission ပိတ်ထားခြင်းဖြစ်နိုင်ပါတယ်..ဒါကြောင့် permission ကို ဖွင့်ပေးလိုက်လျင်ရနိုင်ပါတယ်.. နောက်တစ်ချက် ဖြစ်နိုင်တာက my computer မှာတွေ့ တော့တွေ့ တယ်..ဒါပေမဲ့ခွေထည့်ပြီးတော့ ဖတ်ကိုမဖတ်ဘူး သူ့ ကို click နိုပ်လိုက်ရင်လည်း loading အကြာကြီးလည်နေတာမျိုးတွေ့ ရတတ်ပါတယ်..အဲဒါ drive မကောင်းတော့တဲ့ လက္ခဏာဖြစ်ပါတယ်..တပ်ထားတဲ့ drive က cd rom ဖြစ်ပြီး ထည့်တဲ့ခွေက dvd disc ဖြစ်နေရင်လည်း ဖတ်မှာမဟုတ် ဘူးနော်..
၎။Drive မှ ခွေထည့်ပြီး eject ပေးသော်လည်း ပြန်ထွက်မလာခြင်းမှာ mechanically အရ ပျက်စီးနေတတ် ပါတယ် tray ကိုပြန်လည်တွန်းထုတ်ပေးမည့် မော်တာ အလုပ်မလုပ်နိုင်ခြင်းဖြစ်နိုင်ပါတယ်.. ဒါဆိုရင် dvd drive မျက်နှာပြင်မှာ အပေါက်သေးသေးလေးတစ်ခုရှိပါတယ် သူ့ ကို paper clip လေးနဲ့ ထိုးလိုက်ပါ..drive ပြန်ထွက်လာပါလိမ့်မယ် အောက်ကပုံအတိုင်းဖြစ်ပါတယ်..mechanical အရတပ်ဆင်မှုလွဲတာဆိုရင် drive ကိုဖွင့်ပြီး အံကျအောင်သေချာပြန်လည်တတ်ဆင်ပေးပါက ပြန်ကောင်းသွားနိုင်ပါတယ်..



၅။အချို့  drive များမှာ ခွေထည့်ပြီးခဏအတွင်းသာဖတ်ပြီးနောက်ပိုင်းဆက်မဖတ်နိုင်တော့တာမျိုးကြုံတွေ့ ရတတ်ပါတယ်..ဥပမာ cd disc ခွေထဲက ဖိုင်တစ်ခုကိုဖတ်လိုက်တယ် နောက်ဖိုင်တွေကိုထပ်ဖွင့်တယ် ထပ်ဖွင့်လိုက်တဲ့ဖိုင်တွေကို မဖတ်နိုင်တော့ဘူး..ဒါဆိုရင် drive မကောင်းတော့တာဖြစ်ပါတယ်..
၆။DVD Rewriteable တွေမှာဆိုရင် rewrite လုပ်မပေးနိုင်တော့ဘူး ဒါကတော့ firmware နဲ့ ဆိုင်ပါတယ် firmware ကြောင်သွားရင်ဖြစ်တတ်ပါတယ် ဒါကြောင့်အဲလိုဖြစ်ခဲ့မယ်ဆိုရင် drive ကအလုပ်တော့ လုပ်နေ ပါဦး မယ် သို့ သော်လည်း rewrite လုပ်တဲ့အခါ အဆင်ပြေတော့မှာမဟုတ်ပါဘူး..
၇။Drive ထဲကို cd disc ထည့်လိုက်တာနဲ့  အသံမှာ ပုံမှန်အသံထက် ဆူညံစွာ ထွက်နေခြင်း (သို့ )တရစပ် ထွက်နေခြင်း မှာ ကောင်းသောလက္ခဏာ မဟုတ်ပေ ဒါကြောင့် drive ကို cleaning ပြန်လုပ်ခြင်းအားဖြင့်  ဤပြဿနာကိုပြေလည်သွားစေနိုင်ပါတယ်..
၈။disc ကို ဖတ်တော့ဖတ်တယ် အတင်းရုန်းပြီးဖတ်နေရတယ် ဖိုင်ကိုဖွင့်လိုက်တယ် လေးငါး ဆယ်စက္ကန့် ကြာမှဖတ်နိင်တယ်..တစ်ခါတစ်လေကျ ဖတ်ပြီး တခါတရံကျတော့မဖတ်တော့ဘူးဆိုရင် drive ကကြောင်သွားတာဖြစ်နိုင်တယ်..my computer ထဲမှာ dvd drive ကိုမတွေ့ ရင် device manager မှာဝင်စစ်ကြည့်ပါဦး dvd ကို enable ပေးထားသလားလို့  ..device manager ထဲမှာ disable ပေးထားတာမျိုးဆိုရင် dvd drive ကို My computer ထဲမှာ တွေ့ ရမှာမဟုတ်ပါဘူး…အကယ်၍ IDE cable ကြိုးတစ်ချောင်းတည်းမှာ Hard disk ရော CD Rom ရောတပ်ဆင်မယ်ဆိုရင် master /slave ခွဲပေးရပါမယ်..
အထက်ကဆွေးနွေးခဲ့တာတွေ အားလုံးက drive ဘက်ကပဲဖြစ်နိုင်တာတွေကို ဆွေးနွေးခဲ့ခြင်းဖြစ်ပါတယ်.. မိမိစက်မှာတော့ အထက်ကလိုပြဿနာမျိုးတွေဖြစ်ပြီး အခြားစက်တစ်လုံးမှာတော့ အကောင်းပကတိအတိုင်း အလုပ်လုပ်တယ်ဆိုရင် drive ရဲ့ power ကြိုးဒေတာကြိုးတို့ ကို ..ပြောင်းလဲတပ်ဆင်ကြည့်ပါ..ထိုနောက် IDE cable ဆိုလျင်လဲ data cable ကို port ပြောင်းတပ်ကြည့်ပါ..SATA port ကိုလည်းထိုနည်းလည်းကောင်းပါပဲ motherboard က port တွေကိုပြောင်းတတ်ကြည့်ပါ..ရံဖန်ရံခါ port တစ်ခုမှာ အလုပ်မလုပ်ပေမဲ့ နောက် port တစ်ခုနဲ့ အဆင်ပြေသွားတာကိုလည်းကြုံရတတ်ပါတယ်..
ROM မကောင်းတော့ရင်ပဲဖြစ်ဖြစ် ရေးတဲ့ ဖတ်တဲ့ နှုန်းအားကျဆင်းလာရင်ပဲဖြစ်ဖြစ် windows တင်တဲ့အခါမှာ (သို့) disc တွေကို ခွေကူးရာမှာ အရမ်းကြာတတ်ပါတယ်..ဒါကြောင့်တစ်ယောက်နဲ့ တစ်ယောက် ငါ့ကွန်ပျူတာက windows တင်တာမြန်တယ် ခဏလေးတွင်းပြီးသွားတယ်ဆိုတာ drive ကောင်းတာမကောင်းတာနဲ့ သက်ဆိုင်ပြီး drive speed အနှေးအမြန်ပေါ်မူတည်ပြီး ကွာသွားခြင်း ဖြစ်ပါ တယ်...(ပုဏ္ဏားကျွန်းသားချေနည်းပညာစုစည်းမှု)

Facebook စာမျက်နှာကို G-mail ထဲမှာ ပေါင်းထည့်ထားပြီးသုံးချင်ရင်






ကေ..ဒီတခါတော့ facebook သုံးနေတဲ့သူငယ်ချင်းများအတွက်သိထားသင့်တဲ့နည်းပညာလေးတခုကိုမျှဝေပေးလိုက်ပါတယ်.. ကျွန်နော်တို့ရဲ့ Facebook စာမျက်နှာကို G-mail ထဲမှာ ပေါင်းထည့်ထားပြီး သုံးဖို့နည်းလေးပါ.. အဲဒီလိုပေါင်းထည့်လိုက်ပြီဆိုတာနဲ့ ကျနော်တို့တွေ Face book ရှိရာကို မသွားရတော့ပဲ ကိုယ့်ရဲ့ G-mail ထဲကနေ ကိုယ့် Face book ထဲကို အိမ်မကွာ၊ကြမ်းမကွာ ရောက်သွားတော့မှာလေ။ ဒီလိုလေး စလုပ်ကြည့်မယ်ဗျာ ... (၁)မိမိရဲ့ G-mail ကိုဖွင့်ပြီး Setting ကိုနှိပ်ပါ။ ပွင့်လာပြီဆိုရင် Lab ကိုနှိပ်ပါ။ .... (၂) Lab ပွင့်လာပြီးတဲ့နောက်မှာ Add any gadget by URL ဆိုတာလေးကို Enable ပေးထားပါ။ (၃) နောက်တစ်ဆင့် ...Gadget ကိုနှိပ်ပါ။ (၄) Add ဆိုတဲ့ Box လေးကျလာပြီဆိုရင် အောက်မှာပေးထားတဲ့ Link ကိုကူးထည့်ပြီး Add နှိပ်ပါ။ http://hosting.gmodules.com/ig/gadgets/file/104971404861070329537/f...အဲဒါတွေပြီးသွားရင်တော့ Keyboard ပေါ်က F5 ကီးကိုနှိပ်ပေးလိုက်ပါ။ အဲဒီအခါမှာ ကျနော်တို့ရဲ့ G-mail Inbox ထဲက ဘယ်ဘက်အောက်နားလေးမှာ face book Logo လေးတွေ့နေရပါပြီ။ အဲဒီလိုဂိုလေးကိုနှိပ်လိုက်ရင် Box လေးတစ်ခုကျလာပါလိမ့်မယ်။ Allow ကိုနှိပ်ပေးလိုက်ပါ။ ဒါဆိုရင်တော့ Face book ထဲကို Log-in ၀င်လို့ရပါပြီ ။ ကဲ...အခု ကျနော်တို့ရဲ့ G-mail Inbox ထဲကနေ Face book ကိုသုံးလို့ရသွားပါပြီ..  ( ပုဏ္ဏားကျွန်းသားချေနည်းပညာ)

zaterdag 23 maart 2013

ကွန်ပျူတာထဲကဆောဝဲတွေရဲ့ serial number ကိုရှာခြင်း


Computer ထဲက Softwareတွေ ရဲ့ Serial Number ကိုရှာခြင်း စက်အဖုံးမဖွင့်ပဲ Motherboard ရဲ့ Version ကိုကြည့်ခြင်း

Computer ထဲမှာ Software တွေ တော်တော်များများ Install လုပ်ထားတတ်ပါတယ်။ တကယ်လို့ အရင်တုန်းက Install လုပ်ထားတဲ့ Software ရဲ့ Serial Number ကို ပျောက်သွားလို့ ပြန်လိုချင်ရင် ဆိုရင် ဘယ်လိုလုပ်မလဲ Registry ကို မကျွမ်းကျင်တဲ့ user များ အတွက်ရည်ရွယ်ပါတယ်နော် ကြည့်နည်းလုပ်နည်း လေးအောက်မှာ ရှင်းပြပေးထားပါတယ်
ကျနော်တို့"ဒီနေရာလေးမှာ" Software ဒေါင်းပြီး ဒါလေးကိုသုံးပြီး Serial တွေပြန်ကြည့်လို့ရပါတယ်။ AIDA32 ဆိုတဲ့ Software လေးပါ။ "ဒီမှာနော်"
Install ပြီးရင် Program ကို run လိုက်ပါ။
ပြီးရင် ဘယ်ဘက်က System Tree ထဲမှာ Software ကိုရွေးပါ။ ပြီးရင် သူ့အောက်မှာ Licenses ကိုထပ်ရွေးပါ။

အဲဒီမှာ ကိုယ့်စက်ထဲမှာ Install လုပ်ထားတဲ့ Software တွေရဲ့ Serial Number တွေပေါ်လာမှာပါ။ ကိုယ်လိုချင်တဲ့ Software ရဲ့ Serial Number ပေါ်မှာ right click နှိပ်ပြီး copy လုပ်၊ Notepad (of) Word ထဲမှာ paste လုပ်ပြီး Serial Number များကို သိမ်းထားနိုင်ပါတယ်။

ဘယ်ဘက်က System Tree ထဲမှာပဲ Motherboard ကိုရွေးလိုက်ပါ။ အဲဒီအောက်က Motherboard ကိုပဲထပ်ရွေးပါ။
ညာဘက်မှာ Motherboard နဲ့ဆိုင်တဲ့ Information တွေပေါ်လာပါလိမ့်မယ်။

တခြား Feature တွေလဲအများကြီးပါပါတယ်။ စမ်းသုံးကြည့်ရင်းတွေ့လာမှာပါ .....ပုဏ္ဏားကျွန်းသားချေနည်းပညာစုစည်းမှု.