Computer ထဲက Softwareတွေ ရဲ့ Serial Number ကိုရှာခြင်း စက်အဖုံးမဖွင့်ပဲ Motherboard ရဲ့ Version ကိုကြည့်ခြင်း
ကျနော်တို့"ဒီနေရာလေးမှာ" Software ဒေါင်းပြီး ဒါလေးကိုသုံးပြီး Serial တွေပြန်ကြည့်လို့ရပါတယ်။ AIDA32 ဆိုတဲ့ Software လေးပါ။ "ဒီမှာနော်"
Install ပြီးရင် Program ကို run လိုက်ပါ။
ပြီးရင် ဘယ်ဘက်က System Tree ထဲမှာ Software ကိုရွေးပါ။ ပြီးရင် သူ့အောက်မှာ Licenses ကိုထပ်ရွေးပါ။
အဲဒီမှာ ကိုယ့်စက်ထဲမှာ Install လုပ်ထားတဲ့ Software တွေရဲ့ Serial Number တွေပေါ်လာမှာပါ။ ကိုယ်လိုချင်တဲ့ Software ရဲ့ Serial Number ပေါ်မှာ right click နှိပ်ပြီး copy လုပ်၊ Notepad (of) Word ထဲမှာ paste လုပ်ပြီး Serial Number များကို သိမ်းထားနိုင်ပါတယ်။
ဘယ်ဘက်က System Tree ထဲမှာပဲ Motherboard ကိုရွေးလိုက်ပါ။ အဲဒီအောက်က Motherboard ကိုပဲထပ်ရွေးပါ။
ညာဘက်မှာ Motherboard နဲ့ဆိုင်တဲ့ Information တွေပေါ်လာပါလိမ့်မယ်။
တခြား Feature တွေလဲအများကြီးပါပါတယ်။ စမ်းသုံးကြည့်ရင်းတွေ့လာမှာပါ .....ပုဏ္ဏားကျွန်းသားချေနည်းပညာစုစည်းမှု.
Geen opmerkingen:
Een reactie posten