donderdag 21 maart 2013

Deep Freeze 6.53 ရဲ့ဖြေရှင်းနည်းပါ


ဒါကတော့ ကျွန်တော့ကို ညီလေးတယောက်က မေးထားတာပါ ကိုညီရေ Deep Freeze 6.53 လေးကိုပြန်ဖြုတ်ချင်တယ်တဲ့ ကဲဖြုတ်ချင်တဲ့သူတွေ အောင်ကအတိုင်းလိုက်လုပ်လိုက်ပါ။

၁။ ကီးဘုတ်က Ctrl+Alt+Shift+F6 ကိုတွဲပြီးနိပ်လိုက်ပါ
၂။ Enter Password: ဆိုပြီးပေါ်လာမှာပါ ပေးထားရင် ပြန်ထည့်ပြီး ok ပေါ့ မပေးထားရင်တော့ ok ကိုပဲနိပ်လိုက်ပါ။  

၃။ ဘေးက ပုံလို ပေါ်လာမှာပါ Password ချိန်းချင်ရင်တော့ ညာဘက်က Password တိုတာ ကလစ်ပြီး ကြိုက်တဲ့ Password ချိန်းနိုင်ပါတယ်  
၎။ တစ်ခေါက်ထည်း ဖိတ်ချင်ရင် Boot Thawed on Next ၊ 1 Restarts ကိုပေးပါ အဲဒါဆို စက် Restarts ကျပြီး ပြန်ဖွင့်လာရင် သူဖိတ်နေတာကို တွေ့ရပါမယ် 1 Restarts မှာကြိုက်သလိုပေးလို့ရပါတယ် တစ်ခေါက်ဆို 1 Restarts ပေါ့ နှစ်ခေါက်ဆို 2 Restarts ပေးပေါ့  
၅။ အပြီးပိတ်မယ်ဆိုရင် Boot Thawed ပေးပြီး ok ပြီး စက် Restarts ကျသွားပါမယ် ပြန်ဖွင့်လာရင် အပြီးပိတ်သွားပါပြီး 
၆။ တစ်ခါတည်းမှာပဲ Deep Freeze ကို ဖြုတ်ချင်ရင်တော့ ဒေါင်းထားတဲ့ ဆော့လ်ဝဲကို ပြန် Run လိုက်ပါ Next ကိုကလစ်ပါ Uninstall ကိုကလစ်ပါ အဲ့ဒါဆို စက် Restarts ကျသွားပါမယ် ပြန်ဖွင့်လာရင် Deep Freeze ဖြုတ်သွားတာကို တွေ့ရပါလိမ့်မယ် အကယ်၍ လုပ်မတတ်ရင် TeamViewer ဆော့လ်ဝဲကို ဒေါင်းထားလိုက်ပါ ပြီးရင် ကျွန်တော့်ကို မေးလ် ပို့လိုက်ပါ ကျွန်တော်အားတဲ့အခါ ဖြေရှင်းပေးပါမည်။

Geen opmerkingen:

Een reactie posten